နောက်ဆုံး ပြန်လည်ပြင်ဆင်သည့်နေ့ : ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်

BATIKSHOP ကို လာရောက်ကြည့်ရှု၍ ဝယ်ယူပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ အောက်ပါအချက်များသည် ကျွန်ုပ်တို့၏ ပို့ဆောင်ရေး မူဝါဒအဖြစ် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ ဖြစ်ပါသည်။

၁။ ပစ္စည်းထုတ်ပိုးချိန်

အော်ဒါအတည်ပြု အီးမေးလ် (သို့) SMS ကို လက်ခံရရှိပြီးနောက် တနင်္လာနေ့မှ စနေနေ့အထိ အလုပ်ချိန်အတွင်း (တနင်္ဂနွေ နှင့် အများပြည်သူအားလပ်ရက်များမှလွဲ၍) အော်ဒါများအားလုံးကို ထုတ်ပိုးပေးပါသည်။ သင့်အော်ဒါ ဒယ်လီအပ်ပြီးသည့်အခါ ထပ်မံအကြောင်းကြားချက် တစ်စောင်ကို ပို့ပေးပါမည်။

  • အော်ဒါလက်ခံရရှိရန် နောက်ဆုံးအချိန် – ညနေ ၀၄:၀၀ နာရီ နောက်ပိုင်းမှ မှာယူသောအော်ဒါများကို နောက်နေ့အလုပ်ချိန်အတွင်းမှသာ စတင်ဆောင်ရွက်ပါမည်။
  • အော်ဒါအများအပြားရှိသည့်ကာလများ – အလုပ်များသောကာလများ (ဥပမာ– အဓိကအားလပ်ရက်များ၊ အရောင်းပွဲတော်ကာလများ) တွင် အော်ဒါစတင်ဆောင်ရွက်ချိန် ၅ ရက်အထိ ကြာနိုင်ပါသည်။ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်ပြီး သင့်အော်ဒါ အလွန်နောက်ကျနေပါက ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားပါမည်။

၂။ ပစ္စည်းပို့ဆောင်ချိန်

အော်ဒါဒယ်လီအပ်ပြီးနောက် ၃ ရက်ကနေ ၁၀ ရက်အတွင်းသင့်စီရောက်ပါမည်။

၃။ ပြည်တွင်းပို့ဆောင်မှုသာ

လက်ရှိအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ လိပ်စာများသို့သာ ပို့ဆောင်ပေးပါသည်။ ပြည်ပနိုင်ငံများသို့ ပို့ဆောင်မှု မရှိသေးပါ။
ပို့ဆောင်ခကို အော်ဒါတင်သည့်အချိန်တွင် တစ်ခါတည်းတွက်ချက်ပြီး ငွေပေးချေမှုဘောက်ချာတွင် ပြသထားပါမည်။
(၅-ကီလိုနှင့်အောက်အော်ဒါများအတွက်သာဖြစ်ပါသည်။)
(၅)ကီလိုထက်ပိုသောအော်ဒါများအတွက် ထပ်မံပေးဆောင်ရမည့်ပမာဏကို ပို့ဆောင်ရေးကုမ္ပဏီမှ ကောက်ခံသွားမည်ဖြစ်ပါသည်။

၂ မီတာ (သို့မဟုတ်) ၂ ကိုက်ရှိသော အထည် (၂၀) သည် (၅) ကီလိုနှင့်ညီမျှပါသည်။
၃ မီတာ (သို့မဟုတ်) ၃ ကိုက်ရှိသော (၁၅) ထည်သည် (၅) ကီလိုနှင့်ညီမျှပါသည်။

၄။ အော်ဒါအတည်ပြုချက်

ငွေပေးချေမှု အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် အော်ဒါထုပ်ပိုးမှု လုပ်ငန်းစဉ်ကို စတင်ပါသည်။ ပေးချေရမည့်ငွေပမာဏ အပြည့်အစုံကို ကျွန်ုပ်တို့၏ အကောင့်သို့ အောင်မြင်စွာ လက်ခံရရှိပြီးမှသာ ကုန်ပစ္စည်းများကို စတင်ပို့ဆောင်နိုင်ပါမည်။

၅။ ပျက်စီးမှုများ

ပို့ဆောင်နေစဉ်အတွင်း ပျက်စီးသွားသော သို့မဟုတ် ပျောက်ဆုံးသွားသော ကုန်ပစ္စည်းများအတွက် BATIKSHOP သည် တာဝန်မယူပါ။ သင့်အော်ဒါကို ပျက်စီးနေသည့်အခြေအနေဖြင့် လက်ခံရရှိပါက ပို့ဆောင်ရေး ကုမ္ပဏီသို့ ဆက်သွယ်၍ တိုင်ကြားရန် လိုအပ်ပါသည်။

တိုင်ကြားမှုမတင်သွင်းမီ ပျက်စီးသွားသည့် အထုပ်အပိုးများနှင့် ကုန်ပစ္စည်းများအားလုံးကို သိမ်းဆည်းထားရန် လိုအပ်ပါသည်။

ပြန်လည်တောင်းဆိုမှု လုပ်ငန်းစဉ်တွင် ကျွန်ုပ်တို့ဘက်မှ ကူညီပေးနိုင်ပါသည်။ ပျက်စီးသွားသည့် ကုန်ပစ္စည်းများ၏ဓာတ်ပုံများနှင့်အတူ info@batikshop.com (သို့မဟုတ်) ၀၉-၂၅၆၅၆၀၉၀၉ သို့ ချက်ချင်း ဆက်သွယ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၆။ ပို့ဆောင်ရေး ကန့်သတ်ချက်များ

ပို့ဆောင်ရေး ကုမ္ပဏီ၏ ကန့်သတ်ချက်များကြောင့် အချို့သော ဒေသများတွင် အိမ်တိုင်ရာရောက် ပို့ဆောင်မှုကို ကန့်သတ်ထားပါသည်။ သင်၏လိပ်စာသည် ထိုကန့်သတ်ချက်များအောက်တွင် ပါဝင်နေပါက သင့်အော်ဒါကို နီးစပ်ရာကားဂိတ် သို့မဟုတ် ပို့ဆောင်ရေး ကုမ္ပဏီ၏ဂိတ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။

ဂိတ်၏ လိပ်စာအပြည့်အစုံ၊ အလုပ်ချိန်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို အီးမေးလ်(သို့မဟုတ်)Viber ဖြင့် အကြောင်းကြားပါမည်။ သတ်မှတ်ထားသော နေရာမှ အထုပ်ကို သင်ကိုယ်တိုင် သွားရောက်လက်ခံရယူရမည်ဖြစ်ပြီး အော်ဒါအမည်နှင့် ကိုက်ညီသော အတည်ပြု ဓာတ်ပုံပါသော သက်သေခံကတ်ကို ပြသရပါမည်။

Shopping Cart (0)

No products in the cart. No products in the cart.