BATIKSHOP တွင် ဝယ်ယူအားပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ သင်၏ဝယ်ယူမှုအပေါ် ၁၀၀% စိတ်ကျေနပ်မှုကို ရရှိစေချင်ပါသည်။ အကြောင်းအရာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အောက်ပါ ပြန်အမ်းငွေနှင့် ပြန်လည်ပို့ဆောင်မှု မူဝါဒကို သေချာစွာ ကြည့်ရှုနိုင်ပါသည်။
ကျွန်ုပ်တို့သည် သင့်အော်ဒါ လက်ခံရရှိပြီးနောက် (၁၀) ရက်အတွင်း သက်ဆိုင်ရာပစ္စည်းများအတွက် ပြန်လည်ပေးပို့ခြင်း (သို့မဟုတ်) လဲလှယ်ခြင်းကို လက်ခံပါသည်။
- ပြန်လည်ပေးပို့သည့် သင့်ပစ္စည်းသည် အောက်ပါ အခြေအနေများနှင့် ကိုက်ညီရမည်။ ပစ္စည်းကို မူလအနေအထားအတိုင်း အသုံးမပြုရသေး၊မဝတ်ရသေးဘဲ လက်ခံရရှိသည့် မူလအခြေအနေအတိုင်းဖြစ်နေရမည်။
- ပစ္စည်းကို မူရင်းထုပ်ပိုးမှုနှင့် အမှတ်တံဆိပ်များ နှင့် ဆက်စပ်ပစ္စည်းများ အားလုံးအပြည့်အစုံနှင့် ပြန်ပို့ရမည်။
- ငွေပေးချေမှု ဘောက်ချာ (သို့မဟုတ်) ဝယ်ယူမှု အထောက်အထား (သင့်အော်ဒါနံပါတ်) ကို ဖော်ပြရမည်။
အောက်ပါ ပစ္စည်းများကို ကျွန်ုပ်တို့၏ ပြန်လည်ပို့ဆောင်မှု မူဝါဒမှ ကင်းလွတ်ထားပါသည်။
- နောက်ဆုံးအရောင်း/လက်ကျန်ရှင်းပစ္စည်းများ – “Final Sale” အဖြစ် သတ်မှတ်ထားသော သို့မဟုတ် ရာခိုင်နှုန်းလျှော့ထားသည့် ပစ္စည်းများ
- ကိုယ်ပိုင်စိတ်ကြိုက်/အရည်အသွေးပြုပြင်ထားသော ပစ္စည်းများ – သင့်အတွက် သီးသန့်ပြုပြင်ထားသည့် ပစ္စည်းများ
- ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ – မူရင်းထုပ်ပိုးမှုကို ဖွင့်ပြီးသား ပစ္စည်းများ
- လက်ဆောင်ကတ်များ
ပစ္စည်းပြန်လည်ပို့ဆောင်ရာတွင် လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အောက်ပါ အဆင့်များကို လိုက်နာပါ။
- အတည်ပြုချက် တောင်းရန် – ပစ္စည်းပြန်လည်ပို့ဆောင်လိုပါက ပစ္စည်းလက်ခံရရှိပြီး (၅) ရက်အတွင်း info@batikshop.com သို့ အီးမေးလ်ပို့ပါ (သို့မဟုတ်) Viber မှဆက်သွယ်ပါ။အော်ဒါနံပါတ်နှင့် ပြန်လည်ပို့ဆောင်လိုသည့် အကြောင်းရင်းကို ဖော်ပြပါ။
- RMA လက်ခံရရှိခြင်း – ကျွန်ုပ်တို့မှ အဆိုပြုချက်ကို စိစစ်ပြီး အတည်ပြုပါက ပြန်ပို့ကုန်ပစ္စည်းအတည်ပြုခွင့် (RMA) နံပါတ်နှင့် ပစ္စည်းပြန်လည်ပို့ဆောင်ရမည့်လိပ်စာအသေးစိတ်ကို ပေးပို့ပါမည်။ မှန်ကန်သော RMA နံပါတ်မပါဘဲ ပစ္စည်းကို ပို့လျှင် လက်ခံမည် မဟုတ်ပါ။
- ပစ္စည်းပြန်လည်ပို့ဆောင်ပါ – ပစ္စည်းကို လုံခြုံစွာ ထုပ်ပိုးပြီး အထုပ်ပေါ်တွင် RMA နံပါတ်ကို ရှင်းလင်းစွာရေးပါ။ ဖော်ပြထားသော လိပ်စာသို့ ပစ္စည်းကို ပို့ပါ။
- ဝယ်ယူသူ၏အမှား/စိတ်ပြောင်းလဲခြင်း – သင်၏စိတ်ပြောင်းလဲခြင်း သို့မဟုတ် အရွယ်အစားမှားပြီး မှာယူသည့်အတွက် ပြန်လည်ပို့ဆောင်လိုပါက ပြန်ပို့ရန် သယ်ယူပို့ဆောင်ခကို သင်ကိုယ်တိုင်တာဝန်ယူ ပေးချေရမည်။ မူလ သယ်ယူပို့ဆောင်ခကို ပြန်အမ်းမည်မဟုတ်ပါ။
- ကုမ္ပဏီ၏အမှား/အနာပါပစ္စည်းများ – ကျွန်ုပ်တို့၏အမှားကြောင့် ဖြစ်ပေါ်သည့် (အနာပါပစ္စည်း သို့မဟုတ် မှားယွင်းပစ္စည်း) ဖြစ်ပါက အခမဲ့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ခကို ကုမ္ပဏီဘက်မှ အကုန်ကျခံပါမည်။
သင်ပြန်ပို့ထားသောပစ္စည်းကို လက်ခံရရှိပြီး ပြန်လည်စစ်ဆေးပြီးနောက် အီးမေးလ်(သို့မဟုတ်)Viber ဖြင့် လက်ခံရရှိကြောင်း အကြောင်းကြားပါမည်။ ထို့အပြင်ငွေပြန်အမ်းခြင်းကို အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို ရုံးဖွင့်ရက် (၅) ရက်အတွင်း အသိပေးပါမည်။
အတည်ပြုပြီးသော ငွေပြန်အမ်းမှုများ
- အတည်ပြုပြီးပါက ငွေပြန်အမ်းခြင်းကို စီမံဆောင်ရွက်မည်ဖြစ်ပြီး ရုံးဖွင့်ရက် ၇ ရက် မှ ၁၀ ရက်အတွင်း သင့်၏ မူလ ငွေပေးချေမှု နည်းလမ်းသို့ ပြန်အမ်းထည့်သွင်းပေးမည်ဖြစ်ပါသည်။
- လဲလှယ်ခြင်း – လဲလှယ်ရန် တောင်းဆိုထားပါက ပြန်ပို့ထားသော ပစ္စည်းကို စစ်ဆေးပြီးနောက် ရုံးဖွင့်ရက် (၅) ရက်အတွင်း အစားထိုး ပစ္စည်းကို ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
နောက်ကျနေသော သို့မဟုတ် မရရှိသေးသော ပြန်အမ်းငွေများ
ဖော်ပြထားသော အချိန်ကာလအတွင်း ငွေပြန်အမ်းမှု မရရှိသေးပါက –
- သင့်ဘဏ်အကောင့်ကို ထပ်မံ စစ်ဆေးပါ။
- ငွေပြန်အမ်းမှုကို မှတ်တမ်းတင်သွင်းရန် အချိန်အနည်းငယ် ကြာတတ်သောကြောင့် ဘဏ်သို့ ဆက်သွယ်မေးမြန်းပါ။
- အထက်ပါ အချက်များအားလုံးကို ဆောင်ရွက်ပြီးသားဖြစ်သော်လည်း ငွေပြန်အမ်းမှု မရရှိသေးပါက info@batikshop.com (သို့မဟုတ်) Viber သို့ဆက်သွယ်ပါ။
ပျက်စီးနေသော သို့မဟုတ် အနာပါသော ပစ္စည်းများကို လက်ခံရရှိပါက ပို့ဆောင်ပြီးနောက် ၄၈ နာရီအတွင်း info@batikshop.com (သို့မဟုတ်) Viber သို့ ချက်ချင်း ဆက်သွယ်ပေးပါ။
အောက်ပါ အချက်များကို ထည့်သွင်းပေးပါ။
- သင့် အော်ဒါနံပါတ်။
- ပျက်စီးမှု သို့မဟုတ် အနာပါသောအကြောင်း အသေးစိတ် ဖော်ပြချက်။
- ပစ္စည်းပျက်စီးမှု သို့မဟုတ် ချို့ယွင်းမှုနှင့် မူလထုပ်ပိုးမှုတို့ကို ပြသသော ဓာတ်ပုံ သို့မဟုတ် ဗီဒီယို အထောက်အထားများ။
ပျက်စီးနေသော သို့မဟုတ် အနာပါသော ပစ္စည်းများကို အစားထိုးပေးရန် လိုအပ်သည့် ကုန်ကျစရိတ်အားလုံးကို ကျွန်ုပ်တို့ဘက်မှ တာဝန်ယူ ပေးချေမည်ဖြစ်ပါသည်။
ဤစည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ တစ်စုံတစ်ရာမေးခွန်းများ သိရှိလိုပါက အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။